ဝိတ်ချနေသူတွေ မစားသင့်တဲ့ အစားအစာ (၅)မျိုး
25-Feb-2017ဆောင်းရာသီ ရောက်လာပြီဆိုရင် တခြားရာသီတွေထက် အနည်းငယ်လေးလံ ထိုင်းမှိုင်းပြီး ကိုယ်အလေးချိန်တက်ဖို့ အခွင့်အလမ်းပိုများ ပါတယ်။ လေ့ကျင့်ခန်းမလုပ် တဲ့သူတွေဆိုရင်တော့ အစားအစာကို ချင့်ချိန်စားသုံးရမှာ ဖြစ်သလို ၀ိတ်ချဖို့ အတွက် လေ့ကျင့်ခန်းလုပ်နေသူ diet လုပ်နေသူတွေအတွက်လည်း မစားသုံးသင့်တဲ့ အစားအစာတွေကိုသိပြီး ရှောင်ကျဉ်သင့်ပါတယ်။ ဒီဆောင်းပါးမှတော့ ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်စေဖို့ ရှောင်ကျဉ်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုပါတယ်။
(၁) ကြော်ထားတဲ့ အစားအစာများ ကြော်ထားတဲ့ အစားအစာများမှာ အာဟာရတန်ဖိုး ရာခိုင်နှုန်းပိုနည်းပြီး အဆီနဲ့ ကယ်လိုနီပိုတက်နိုင်ပါတယ်။
(၂) အချိုဓာတ်များသော အစားအစာများ အချိုဓာတ်တွေကို အများကြီး စားသုံးမိခြင်းဟာ အဝလွန်စေနိုင်တဲ့ အပြင် သွေးတွင်းကိုလက်စတီရောတွေလည်း မြင့်တက်လာနိုင်ပါတယ်။
(၃) ပေါင်မုန့်ဖြူ ပေါင်မုန့်ကြမ်း၊ ပေါင်မုန့်ညို ထက်စာရင် တစေးဖောက်ထားပြီး သား ပေါင်မုန့်ဖြူဟာ အစားအစာကနေ ကလူးကို့စ်အဖြစ်ပြောင်းလဲမှု ကို နှောင့်နှေးစေ ပါတယ်။ ဒါကြောင့် ပေါင်မုန့်ညို၊ ပေါင်မုန့် ကြမ်းတွေကို diet လုပ်သူတွေပိုစား ပေး သင့်ပါတယ်။
(၄) အေးခဲထားသော အစားအစာများ အေးခဲထားသော အစားအစာတွေနဲ့ စည်သွပ် အစားအစာတွေဟာ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစားအစာတွေထက် ဆိုဒီယမ်ပမာဏပိုမို များပြားတဲ့အတွက် ပေါင်ချိန်ပိုတက် စေနိုင်ပါတယ်။
(၅) ဆိုဒါ ဆိုဒါပါဝင်တဲ့ အချိုရည်တွေဟာ အဝလွန်ခြင်းအပြင် ကျောက်ကပ် ပျက်စီးနိုင်ခြင်း၊ သွေးတိုးခြင်းစတဲ့ ပြဿနာတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သက်နှင်း